ကျနော့်ရဲ့ ကံကောင်းခြင်းတွေက မိဘ  ကို ကျွေးမွေးပြုစုခြင်းက လာတာပါ

ဒီနေ့  အိမ်သစ်‌လေးတစ်လုံး နဲ့  ကား တစ်စီး ကို အဖေ အမေ အတွက် ကျနော် လက်ဆောင်ဝယ်ပေးဖြစ်တာပါ

Surprise လုပ်ဖို့ အမျိုးမျိုးလိမ်ပြီးခေါ်ခဲ့ရတယ်
 နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငို
 ကျနော်လည်း ပီတိဖြစ်ရ 🖤

***********

ဒါက ကျနော့်ဘဝအကြောင်းလေး
တချို့သိချင်ကြတဲ့ သူတွေအတွက်ပါ ။ ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူး
ကျနော် ကြိုးစားခဲ့တဲ့  ဘဝ အကျဥ်းလေး ပြောပြမယ်နော်

ကျနော်မှာ မောင်နှမ 6 ယောက်ရှိတယ်။ကျနော်က ၄ယောက် မြောက်သား 
ငယ်စဥ်က ကျနော့ မိဘတွေ ငွေကြေး ပြည့်စုံတော့
ဘယ်နေရာရောက်ရောက် ကျနော်တို့ မောင်နှမတွေ မျက်နှာတချက် မငယ်ခဲ့ရဖူးဘူး
ဘဝ တကွေ့မှာ ကျနော် ဆယ်တန်းဖြေပြီးခါစအချိန်ပေါ့ ကျနော့်မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲ အတိ ဖြစ်ခဲ့ရတယ်။  
ဒါပေမယ့် အဖေအမေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာက ကျနော်တို့အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်။
အဲဒီအချိန်က ကျနော်တို့ ရန်ကုန် စပြီးပြောင်းလာတဲ့အချိန် ။

ကျ‌နော်ကိုမွေးတဲ့အချိန်ကတည်းက   အလုပ်သမားများစွာ နဲ့ ပြည့်ပြည့်စုံစုံ နေ ‌ခဲ့ရတဲ့ ကျနော့် ရဲ့အဖေ နဲ့ အမေ  
ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပြီး သုခလမ်းက တိုက်အောက်‌လေး မှာ ဒီ သားသမီး ၆ယောက် စားဝတ်နေရေးအတွက် မုန့်တီသုပ်လေး ရောင်းနေတဲ့ မြင်ကွင်း ကျနော်  မခံစားနိုင်ခဲ့ဘူး ညအိပ်ခါနီးတိုင်း မနက်အစောကြီးအဖေအမေထပြီး မုန့်ရောင်းရအုန်းမှာပါလားဆိုတဲ့ စိတ်နဲ့ ငိုမိတယ်။

အဲဒီအချိန်ကတည်း ကျနော်ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆု တခုပဲ ရှိခဲ့တယ် ။ တနေ့ သား လုပ်ကျွေးခွင့်ရပါရစေလို့ ။ 

ဒီလိုနဲ့ပဲ. ကျ‌နော်နဲ့ အမေ ကြား ပြဿနာအသေးလေးတခုကြောင့် ကျနော် 18 နှစ်လောက်မှာ   အိမ်ကနေ ထွက်ခွာခဲ့တယ် ဒီနေ့ထိပေါ့ .. 
  အိမ်ကထွက်ခွာခဲ့ပေမယ့် တရက်မှ မိသားစုအပေါ် တာဝန်မပျက်ဖူးဘူး

အပြင်လောကမှာ တစ်ယောက်တည်းရပ်တည်ရတာ တကယ်ခက်ခဲပါတယ်။ 

အဖေ အမေ ငယ်စဥ်ကတည်းကအမြဲ ဆုံးမဖူးတဲ့ စကားရှိတယ်။
 "သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေတကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါ တဲ့ "

ကျနော်မိဘတွေနဲ့ အတူတူမနေပေမယ့် အပြင်လောကမှာ အဖေ အမေ သွန်သင်ဆုံးမ ပေးခဲ့တဲ့အတိုင်း အရိုးသားဆုံး ကြိုးစားအလုပ်လုပ်တယ်။  ရှာဖွေတယ် စုဆောင်းခဲ့တယ်။
ငွေ တစ်ထောင် စပြီး ရတဲ့နေ့ကတည်းက ကိုယ်ကျိုးအတွက် ကျနော် မသုံးခဲ့ဖူးဘူး။  လှူတယ် ခက်ခဲတဲ့ သူတွေကို ကူညီပေးတယ်။
သူများတွေ ကားကောင်းတွေ စီးပြီး  ပျော်ပါးနေချိန်မှာ ကျနော် မနက်စာ နေ့လည်စာ ညစာကို 1600 ထက် ပိုမစားခဲ့ဖူးဘူး ။  ကျနော် ရှာဖွေသမျှ အရာရာတိုင်းလည်း  ငါ့မိသားစု အတွက် နဲ့ လှူဒါန်းဖို့ အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် ။  

အခုချိန်မှာတော့ ကျနော့်ရဲ့ ပီတိက  ကျ‌ေနာ် သိပ်ကို မြင်ချင်တဲ့ အရင်တချိန်က  မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲ 

နောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ပရိတ်သတ် ညီကိုမောင်နှမ အားလုံးကို ပြောပြချင်တာက
 မိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတာ မိဘကိုပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေးမဟုတ်ပါဘူး 
မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန်တာဝန်သိတတ်မှုပါ ။ ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာ

အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ 
🖤🖤🖤

***************

အိမ်လေးကိုတော့ Aye Chan Myay Real Estate Agent က အမ လိုက်ပြတော့ သဘောကျပြီး မိုးမြင့်စံ ဆောက်လုပ်ရေးကုမ္ပဏီက ဝယ်ယူအားပေးထားတာပါ
အိမ်ထဲက furniture အားလုံးကိုတော့ Arteriors Furniture  က ဝယ်ယူအားပေးထားတာပါ

***********